ကျွန်တော်တို့မှာ အိပ်မက်တွေ ရှိပါတယ်

ကျွန်တော် ဂျာနယ်တွေ မဂ္ဂဇင်းတွေနဲ့ စာအုပ်တွေကို  layout design ဆွဲပေးရတဲ့သူတစ်ယောက်ပါ။  ဒီလိုအကြောင်းအရာနဲ့ အစပြုလိုက်တာဟာ တခြားရည်ရွယ်ချက် ဘာမှ မရှိတာ အမှန်။ တကယ် တော့ ဒီလိုအစပျုးိလုက်မှ ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာတွေကို ပြောလို့သင့်မှာ ဖြစ်တာကြောင့်မို့ပါ။ ကျွန်တော်မှာ တစ်ဦးတည်းသော သမီးကလေး ရှိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးရဲ့ အိမ်လေးထဲကို ဝင်ရောက်လာခဲ့တဲ့ သမီးလေးပေါ့။ ခုဆို သမီးလေးက တစ်နှစ်ဆိုတဲ့ အရွယ်ကို ရောက် လာပါပြီ။ သမီးလေး မမွေးဖွား ကျွန်တော့်ဇနီး ကိုယ်ဝန်ဆောင်ထားရစဉ် သမီးမိန်းကလေး မွေးမယ်လို့ သိလိုက်ရတဲ့အချိန်က စပြီး ကျွန်တော်တို့ မှာ သမီးလေးအတွက် အိပ်မက်လေးတွေ ရှိကြပါ တယ်။ သမီးလေးကို ဘယ်လိုပြုစုပျိုးထောင်မယ်။ ဘယ်လိုလမ်းညွှတ်ပြသပေးမယ်။ ဘယ်လို ပညာတွေ…